A: Digital code တွေက activate ဖြစ်ပြီးတာနဲ့ refund ပြန်လုပ်လို့ မရတော့ပါ — international suppliers နဲ့ နှင်းပင်က ဒီအတိုင်း ဖြစ်ပါသည်။ ဒါပေမယ့် မ ၀ယ်ခင် item details ကို သေချာ ဖတ်ပြီး၊ ID name ပြန် verify လုပ်လို့ ရပါတယ်။
Code က region မမှန် (region locked) ဖြစ်ရင်?
A: iTunes က US region, Steam Wallet က listing မှာ ပြထားတဲ့ region (SG/US), Google Play က US region ဖြစ်ပါတယ်။ Region မမှန်တဲ့ account မှာ redeem မရဘူး။ ၀ယ်မယ်ဆို account region အရင် စစ်ပါ — မရှင်းရင် Telegram support မေးပါ။
Security & Privacy
Personal info လုံခြုံလား?
A: Email, Google account တွေက login အတွက်ပဲ သုံးပါသည် — third party ဆီ မ ပို့ပါ။ Order data က encrypted database မှာ သိမ်းထားပါသည်။ Payment info က KPay/WavePay/AyaPay တို့ ဖက်ကသာ စီမံပါသည် — HSA မှာ မ သိမ်းပါ။